RUTUBE
Добавить
Уведомления
  • Главная
  • RUTUBE для блогеров
  • Каталог
  • Популярное
  • В топе
  • Shorts
  • ТВ онлайн
  • Трансляции
  • Моё
  • Фильмы
  • Анимация
  • RUTUBE x PREMIER
  • День России

Войдите, чтобы подписываться на каналы, комментировать видео и оставлять реакции

  • Подписки
  • История просмотра
  • Плейлисты
  • Смотреть позже
  • Комментарии

  • Авто
  • Блогеры
  • Видеоигры
  • Детям
  • Еда
  • Интервью
  • Команда R
  • Культура
  • Лайфхаки
  • Музыка
  • Новости и СМИ
  • Обучение
  • Оriginals
  • Подкасты
  • Путешествия
  • Радио
  • Разговоры о важном
  • Сельское хозяйство
  • Сериалы
  • Спорт
  • Телешоу
  • Фонды помощи
  • Футбол
  • Юмор
Телеканалы
  • Иконка канала Первый канал
    Первый канал
  • Иконка канала Россия 1
    Россия 1
  • Иконка канала МАТЧ
    МАТЧ
  • Иконка канала НТВ
    НТВ
  • Иконка канала Пятый канал
    Пятый канал
  • Иконка канала Телеканал Культура
    Телеканал Культура
  • Иконка канала Россия 24
    Россия 24
  • Иконка канала ТВЦ
    ТВЦ
  • Иконка канала РЕН ТВ
    РЕН ТВ
  • Иконка канала СПАС
    СПАС
  • Иконка канала СТС
    СТС
  • Иконка канала Домашний
    Домашний
  • Иконка канала ТВ-3
    ТВ-3
  • Иконка канала Пятница
    Пятница
  • Иконка канала Звезда
    Звезда
  • Иконка канала МИР ТВ
    МИР ТВ
  • Иконка канала ТНТ
    ТНТ
  • Иконка канала МУЗ-ТВ
    МУЗ-ТВ
  • Иконка канала ЧЕ
    ЧЕ
  • Иконка канала Канал «Ю»
    Канал «Ю»
  • Иконка канала 2х2
    2х2
  • Иконка канала Кухня
    Кухня
  • Иконка канала viju
    viju

RUTUBE всегда с вами
Больше от RUTUBE
  • SMART TV
  • RUTUBE Детям
  • RUTUBE Спорт
  • RUTUBE Новости
RUTUBE в других соцсетях

  • Вопросы и ответы
  • Сообщить о проблеме
  • Написать в поддержку
  • О RUTUBE
  • Направления деятельности
  • Пользовательское соглашение
  • Конфиденциальность
  • Правовая информация
  • Рекомендательная система
  • Фирменный стиль

© 2025, RUTUBE

စစ်ဘောင်ကျဉ်းလာတဲ့ ကျောက်ဖြူနဲ့.မရေရာတဲ့ ရွေးကောက်ပွဲ။ #HMM 30.05.25

ရခိုင် ဂွင် ===========                နစက မှ အပစ်ရပ် ကြေညာပြီးနောက် AA တို့ကတော့ သူတို့အလုပ် သူတို့လုပ်နေကြပါတော့တယ် ။ ညောင်ကျိုးကို ဝင်တိုက်တယ် ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို တိုက်ကွက်ဖော်ကြတယ် ။             သင်္ကြန်ပြီးကတည်းက  စစ်တွေ ၊ ကျောက်ဖြူမြို့တွေကို သွေးတိုးစမ်းတိုက်ပွဲ ဖော်ဆောင်မှုတွေ များပြားလာပါတယ် ။ မေလဆန်းမှာတော့ အင်အားတောင့်တင်းတဲ့ စစ်တွေကို နှောက်ယှက်ပစ်ခတ်တဲ့ အလုပ်ပဲ ဆောင်ရွက်ပြီး ကျောက်ဖြူကို စတင်တိုက်ခိုက်လာပါတယ် ။                အဓိကစစ်မြှားဦးက ဓညဝတီရေတပ်စခန်းဖြစ်ပါတယ် ။ ဓညဝတီ ရေတပ်စခန်းအနီး တောင်မှော်ကြီး နဲ့ အုန်းကျွန်းတို့မှာလည်း ရေတပ် အခြေစိုက်စခန်းတွေ ရှိနေပါတယ် ။           AA တို့ဟာ လိပ်ခမော် ၊ မလ ဆိုတဲ့  ကမ်းရိုးတမ်းအနီး ရွာကြီးတွေကနေ စတင်တိုက်ခိုက်လာပါတယ် ။ ကျောက်ဖြူ ရမ်းဗြဲလမ်းတလျှောက်က သစ်ပုတ်တောင် ၊ ပြိုင်းစေကေ ကတဆင့် ဓညဝတီ လမ်းကြောင်းကို ဖောက်နေပါတယ် ။           တချိန်တည်းမှာပဲ ရဲတပ်ရင်း ၃၂ ၊ ခမရ ၅၄၃ ၊ ခမရ ၅၄၂ ရှိရာ လမ်းကြောင်း စီမော် - ဦးကင်း - စစ်တော် - ကပ်သပြေ - သပြုတောင် အစရှိတဲ့ ရွာတွေက တဆင့် အဆိုပါ ရဲတပ်ရင်း ၃၂ နဲ့ ခမရ ၅၄၃ / ၅၄၂ ဆီကို ချည်းကပ်တိုက်ခိုက်ကြပါတယ် ။                     အဲဒီရွာတွေမှာ ကာကင်းတွေကို AA တို့ တည်ဆောက်နေကြတာ ကြာပါပြီ ။ ဆိုရှယ်မီဒီယာမှာ တက်နေတဲ့ တပ်မတော်ဒရုန်း နဲ့ ချေမှုံးခြင်း ဆိုတဲ့ ဝါဒဖြန့် VIDEO တွေဟာ မြေပြင်မှာ ရန်သူကို မဟန့်တားနိုင်ခဲ့ပါဘူး ။                              မင်းတပ်တောင် စက်မှုလက်မှုသင်တန်းကျောင်းနဲ့ ကာကင်းကုန်းစခန်းတို့ ကျသွားရပါတယ် ။ မိမိတပ်များ နှမ်းဖဲတောင်ထိ ပြန်ဆုတ်ခွာခဲ့ရပါတယ် ။ နောက် နှမ်းဖဲတောင်မှ ထပ်မံဆုတ်ခွာလာရပြီး ယခု လတ်တလောမှာတော့ ရဲတပ်ရင်း ၃၂ နဲ့  ကိုက် ၁၀၀၀ အကွာထိ ရင်ဆိုင်ထိမ်းချုပ်ခံထားရပါပြီ ။                    မိမိဘက်မှ ဒရုန်းအသုံးပြုဟာ ကလေးကစားသကဲ့သို့ အင်မတန် ပေါ့ပျက်ပျက် အသုံးပြုနေတာ တွေ့နေရပါတယ် ။ တကယ်တန်းတော့ ထိရောက်မှု အင်မတန်အားနည်းလှပါတယ် ။                 ဓညဝတီရေတပ်စခန်းတည်ရှိရာ ကျောက်ဖြူမြို့ဆီသို့ AA မြှားဦး လှည့်လာနေပေမယ့်  အမျိုးမျိုးသော စစ်သင်္ဘော အစီး ၇၀၀ ကျော် ပိုင်ဆိုင်ထားပါသော ရေတပ်ရဲ့ လှုပ်ရှားမှုကတော့ အားရဖွယ်မရှိသေးဘူးလို့ ကြားသိရပါတယ် ။                      AA တို့အနေနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် နဲ့ အမ်း ပဒါန်း နတ်ရေကန် တို့မှာ စစ်ရေးဖော်ဆောင်နေတာ ကျောက်ဖြူအတွက် ယောင်ပြတိုက်ပွဲတွေလို့ တွက်ဆလို့ရပါတယ် ။                 တပ်မတော်အနေနဲ့ စစ်မျက်နှာပေါင်း များစွာကို ဖြန့်ကျက်တိုက်ခိုက်နေရတဲ့ အနေအထားကို ပြည်သူတွေ နားလည်ကြပါတယ် ။ သို့သော် ပြည်သူတွေ နားမလည်နိုင် ဖြစ်နေကြရတာကတော့..... ၁ ။ မိမိတို့ မြို့ရွာများကို လာရောက်ဖျက်ဆီး တိုက်ခိုက်နေတဲ့ ရန်သူများရဲ့ အဓိက အုပ်ချုပ်ထောက်ပံ့မှု ပေးနေတဲ့ ရန်သူ့ အခြေစိုက် မြို့ရွာ စစ်ဌာချုပ်များအား ယနေ့ထိ ဘာကြောင့် မတို့ရဲ မထိရဲ ဖြစ်နေရပါသလဲ....? ၂ ။ ရန်သူ့ရဲ့ LOC လမ်းကြောင်းအား အဘယ်ကြောင့် ဖြတ်တောက်တိုက်ခိုက်ခြင်း မပြုကြပါသလဲ.... ? ( လိုအပ်ရင် လမ်း တံတား ဆိပ်ကမ်း များအား အလွယ်တကူ ချိုးဖြတ် ပြာချလို့ ရပါလျှက်) ၃ ။ မြို့ရွာများအား ရန်သူတို့ ဖျက်ဆီးအကြမ်းဖက်ရန် အင်အားစုဖွဲ့နေစဥ် ကတည်းက အခြေပြုစုဖွဲ့ရာ တည်နေရာများအား ပြည်သူများမှ သတင်းပေးပို့ကြသော်လည်း ကြိုတင် လက်ဦးမှုရယူကာ ချေမှုံးခြင်းလုပ်ငန်း လုံးဝ နီးပါး ဆောင်ရွက်ခြင်း မရှိပဲ ငုတ်တုတ်ထိုင်ကြည့်နေသည့် ဗျူဟာသည် မည်သည့် စစ်ဗျူဟာ ဖြစ်ပါသနည်း ။ တပ်မတော် တိုက်ခိုက်ကျောင်းများရဲ့ အလွန်သုံးစားမရသော နည်းစနစ်အသစ်များလား သိချင်လှပါတယ် ။ ၄ ။ ပြည်သူအားလုံး သိနေကြတဲ့ ပြည်မကတဆင့် ရန်သူ့ထံ စီးဝင်နေသော လက်နက်ခဲယမ်း ရိက္ခာလမ်းကြောင်းအား ယခုချိန်ထိ ဘာကြောင့် ဂိတ်ပေါင်းစုံဖွင့်ထားပြီး လွတ်ပေးနေပါသလဲ....? ( တဂိတ်တလေ သစ္စာဖောက်နေတာ မဟုတ် ရှိသမျှ ဂိတ်အားလုံး သစ္စာဖောက်နေခြင်းအား နစက မထိမ်းချုပ်ပဲ လက်ပိုက်ကြည့်နေတာ နှစ်ချီ ကြာမြင့်နေပေပြီ)                    စစ်ရှုံးခြင်း စစ်နိုင်ခြင်း အပေါ် ပြည်သူတို့ရဲ့ အမြင်ကတော့ အဓိက အကျဆုံး အထက်ပါ အချက် ၄ ချက် အပေါ် နစက အနေနဲ့ အမြန်ဆုံး သုံးသပ်ပြင်ဆင်သင့်ပါပြီ ။                ကိုရွှေမျိုးဝင်း ( ရခိုင် ကျောက်ဖြူ စစ်သတင်းအတွက် အမှန်အတိုင်း တင်ပြပေးပါသော UNION Politics New - ကိုထူးမောင် ထံမှ အချက်အလက် အများအပြား ရယူဖြန့်ဝေထားတာပါ ၊ လက်ရှိ အနေအထားအရ ဖြစ်ရပ်မှန် သတင်းမှန်များ အတွက် ပြည်သူတွေ ကြည့်သင့်တဲ့ မီဒီယာအဖြစ် ရှုမြင်မိပါတယ်) 🔹🔸🔹🔸🔹🔸🔹 စစ်ဘောင်ကျဉ်းလာတဲ့ ကျောက်ဖြူနဲ့.မရေရာတဲ့ ရွေးကောက်ပွဲ။ #Credit 🔹🔸🔹🔸🔹🔸🔹

Иконка канала Ksetratin (Tin Tun)
Ksetratin (Tin Tun)
4 подписчика
12+
1 просмотр
12 дней назад
31 мая 2025 г.
Пожаловаться Нарушение авторских прав

, чтобы оставлять комментарии